သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကျောက်တော်မြို့နယ်တာဝန်ခံဗိုလ်မှူးချုပ်အောင်သူဦး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ဆီ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကျောက်တော် ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်အိတ် (၁၀၀)နှင့်ဆီများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အဆိုပါကျောင်းရှိ ရတနာခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကျောက်တော်မြို့နယ် တာဝန်ခံဗိုလ်မှူးချုပ် အောင်သူဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကျောင်းအုပ်ဆရာကြီးနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်မှ ဆန်နှင့်ဆီများ လှူဒါန်းရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်) ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ပေးအပ်သည့် ဆန်နှင့်ဆီများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကျောက်တော်မြို့နယ်တာဝန်ခံဗိုလ်မှူးချုပ်အောင်သူဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးကျော်စွာညွန့်တို့က ထောက်ပံ့ပေးအပ်ရာ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်သန်းနှင့် ကျောင်သား/ကျောင်းသူများမှ လက်ခံရယူကြသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးစိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်) ကျောင်းအုပ်ဆရာကြီးက ကျောင်း၏ အုပ်ချုပ်မှုဆိုင်ရာ အခြေအနေနှင့် လှူဒါန်းရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ​ပြီးနောက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ့မှု၊ ကျောက်တော်မြို့နယ်တာဝန်ခံ ဗိုလ်မှူးချုပ်အောင်သူဦးက စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၏ သင်ကြားလေ့ကျင့်နေမှုများနှင့် ပတ်သက်၍ အကြံပြုပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန် /ဆက်)