ကံမ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ဇူလိုင်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင် တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ကံမမြို့နယ်တွင် မြို့ပြပင်စင် (၆၁၀) ဦး၊ ကာကွယ်ရေးပင်စင် (၁၃၄) ဦး၊ နိုင်ငံရေး ပင်စင်(၈၃)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ်ပင်စင် (၉) ဦး စုစုပေါင်း ပင်စင်စားအငြိမ်းစားဝန်ထမ်း (၈၃၆) ဦးရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)