သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး   ဇူလိုင် ၂၁

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များအကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင် များက စာရေးဆရာလင်္ကာရည်ကျော်၏သိင်္ဂါရအလှည့်စာအုပ်အားယနေ့နံနက်(၁၀)နာရီအချိန်က Community     Centre ခန်းမ၌   စာဖတ်ဝိုင်း ဆွေးနွေးပွဲ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူကစာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်အိုစီ(Book Club)  မှ စာအုပ်ပါ  အကြောင်းအရာဖြစ်သည့်  နေမထိပန်းကလေး စွေးစွေးနီး၊ နတ်ပန်းနွယ်၊ ပိတောက်စည်း၊ ချောင်းကလေးငယ်ငယ် လှိုင်းလုံးတွေသယ်ပါလို့စသည့်အကြောင်းအရာများအားစာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး    နော်အယ်ဝါး (Book    Club)  အဖွဲ့ဝင်က  နွေမိုးစက် ၊ကြာပန်းအောက်ကရေ၊ ဤမှန်ကန်သော မေတ္တာကြောင့်၊ ဒဏ္ဍာရီထဲက နတ်သမီးစသည့်အကြောင်းအရာများကို ဖတ်ကြား ဆွေးနွေေခဲ့ပြီးတက်ရောက်လာသည့်  Book  Club / Youth  Clubအဖွဲ့ဝင်များကစာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

အဆိုပါ စာရေးဆရာ လင်္ကာရည်ကျော်၏သိင်္ဂါရအလှည့်စာအုပ်ကို ဖတ်ရှုခြင်းဖြင့်စာဖတ်ခြင်း အကျိုးကျေးဇူးသိရှိလာခြင်း၊ ကျောင်းနေစဉ်ဆရာများ၏စိတ်ရင်းစေတနာဖြင့် သင်ကြားပေးနေမှုများ သိရှိလာခြင်း၊ စသည့်အကျိုး  ကျေးဇူးများကို ရစေကြောင်းသိရသည်။

နော်နော်မူ