သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၆၈၃ဦးအတွက် လူမှုရေးပင်စင် ငွေကျပ် ၅၀၄,၉၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်
Jul 29,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီ၊မေ၊ ဇွန် (ပထမသုံးလပတ်)အတွက်၊ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းအခမ်းအနားကို၊ ယနေ့နံနက် ၉ နာရီခွဲအချိန်က၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စကာဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်း အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Jul 29,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေး ခပ်ခြင်းကို ယနေ့နံနက်ပိုင်းက အမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာနှင့် ဈေးရပ်ကွက် ကွက်သစ်ပိုင်းတို့တွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ အုပ်ချုပ်ရေးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌  မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း) ချစ်ကြည်ရေး မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်ခန့် အမှတ်(၅)ရပ်ကွက် မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ကျန်စစ်သားမင်းကြီး အေဒီ ၁၀၈၄ ခုနှစ်တွင်တည်ထားခဲ့သည့် နဂါးရုံဘုရားရှိ နှစ်ကျိတ်ရှစ်ဆူဗုဒ္ဓဝင် ကျောက်ဆစ်ပန်းလက်ရာများနှင့်ဗုဒ္ဓဝင်ဆိုင် ရာနံရံပန်းချီများလေ့လာနိုင်
Jul 29,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ကျန်စစ်သားမင်းကြီး အေဒီ ၁၀၈၄ ခုနှစ်တွင် တည်ထားခဲ့သည့် နဂါးရုံဘုရားရှိ နှစ်ကျိတ်ရှစ်ဆူဗုဒ္ဓဝင် ကျောက်ဆစ်ပန်း လက်ရာများနှင့်ဗုဒ္ဓဝင်ဆိုင်ရာနံရံပန်းချီးများလေ့လာနိုင်ကြောင်း ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံကသိရသည်။
မိုင်းပျဉ်းမြို့တွင် ကျေးရွာအရောက် နယ်လှည့်ဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်
Jul 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အမှတ်(၂)နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့၏ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျေးရွာများအရောက် ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက် (၈)နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ၊ စာသင် ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေရရှိသူများအား စာချုပ်ချုပ်ဆို၍ ချက်လက်မှတ်ပေးအပ်
Jul 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေရရှိသူများအား စာချုပ်ချုပ်ဆို၍ ချက်လက်မှတ် ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တော်ဝင်စန္ဒကူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် လူထုဟောပြောနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်
Jul 29,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် ဟောပြောပွဲများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ နည်းစနစ်တကျဟောပြောနိုင်ရေးအတွက်  လူထုဟောပြောနည်းသင်တန်းကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ၂၆-၇-၂၀၂၃ ရက်နေ့မှ ၂၈-၇-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက လူထုဟောပြော နည်းအား လက်တွေ့ဆောင်ရွက်ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်လျင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 29,2023
သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုံပျံပရိယတ္တိစာသင်တိုက်၌ ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။