ကွတ်ခိုင်မြို့တွင် Mobile Libraryစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊စာစောင်များငှားရမ်းပေး

ကွတ်ခိုင် ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ယနေ့ နံနက် (၁၀)နာရီအချိန်တွင် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ သုတ/ရသ စာအုပ်၊ စာစောင်များကို ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို စာပေနှင့်မဝေးကွာ လိုစေရန်၊ အချိန်မကုန် မပင်ပန်းစေဘဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် စာပေလေ့လာနိုင်ရေး တို့အတွက် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့အရောက် စာအုပ်စာစောင်များကို သွားရောက် ငှားရမ်းပေးခြင်းဖြစ်သည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ /ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို ရက် သတ္တတစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ချစ်မျိုးဦး (ကွတ်ခိုင်)