ကျောက်မဲမြို့၊ အမက(၄)မူလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကျောက်မဲ ဇူလိုင် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က အမက(၄)မူလွန် ကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပ‌ခဲ့‌ရာ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခန်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်မဲခရိုင်ရုံးမှ ဦးစီး အရာရှိ ဦးစိုင်းထွန်းသိန်းက " စာဖတ်ခြင်း၏အကျိုး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မော်မော်ဝင်းက အားကစား ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကျောင်းအတွက် အားကစားဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)