စလင်း ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ နည်းစနစ်မှန်ကန်စွာ စနစ်တကျ စိုက်ပျိုး စရိတ်ကုန်ကျမှု သက်သာစေရန်နှင့် သွင်းအားစုစိုက်ပျိုးစရိတ် ကုန်ကျမှု သက်သာစေရန်အတွက် မိုးစပါးတိုက်ရိုက် မျိုးစေ့ချအတန်းလိုက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ယမန်နေ့ နံနက်ပိုင်းက စလင်းမြို့နယ် မကျီးပင်ပု ကျေးရွာအုပ်စု တောင်သူ ဦးချစ်ခင်၏ လယ်ယာမြေ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့စိုက်ပျိုးရာတွင် စလင်းမြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု မကျီးပင်ပုကျေးရွာ ကွင်းအမှတ် (၅၇၃)ရှိ တောင်သူ (ဦးချစ်ခင်) ၏ လယ်ယာမြေ (၄.၀၀)ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ မိုးစပါးတိုက်ရိုက်မျိုးစေ့ချ အတန်းလိုက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား တိုက်ရိုက်မျိုး သေ့ချကိရိယာ (Drum Seeder) အသုံးပြု၍ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရ သည်။
အဆိုပါ စိုက်ပျိုးနေမှုများကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူး ကြီး ကျော်ကျော်လင်းနှင့် လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးသန့်ဇင်ကိုကို လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရဲမှူးကြီး လင်းထွဠ်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြသည်၊ ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင့်လွင်မှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ခေတ်စနစ်နှင့် အညီ ပြောင်းလဲပြီး အထွက်နှုန်း တိုးတက်ကောင်းမွန် စေရန်အတွက် ကြိုးစားလုပ်ကိုင်ကြစေလိုကြောင်း တောင်သူများ၏ လယ်ယာမြေများ ရာသီအလိုက် သီးနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ခြင်း ရာသီ အလိုက်စဥ်ဆက်မပြတ် စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်ဧကများ ပြည့်မီ၍တောင်သူများ၏ လူနေမှုဘဝမြှင့်မားတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုး ရေးလုပ်ငန်းကို ကြိုးစားဆောင်ရွက်လုပ်ကိုင်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားဧက (၄၇၅၃၇)၊ ရေဝင်ဧရိယာ (၂၅၀၀)၊ မြေပြင်အကျယ်အဝန်း(၃၂၃၀၉)၊ ပျိုးထောင် ပြီးစီးမှု(၃၆၅၂၃)ဧက၊ စိုက်ပျိုးပြီးးစီးမှု (၆၂၄၂) ဧကစိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း