သတင်းများ

သထုံမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်
Jul 22,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့ မွန်းလွဲပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စိန်ကုန်း အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့တွင် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတက်ရောက် စိုက်ပျိုးပေးပြီး မြိတ်တက္ကသိုလ်တွင် ပါရဂူဘွဲ့ သင်တန်းနှင့် လူငယ်နှင့် လောက နီတိသင်တန်းဖွင့်ပွဲ တက်ရောက်
Jul 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက မြိတ်မြို့ မြိတ်တောင်ကျေးရွာ ငါးလေလံဈေး အနီးတွင် ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် (အကြို) မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ လူငယ်နှင့်အားကစား အသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှုဒါန်းခြင်း အခမ်းအနားကျင်းပ
Jul 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်နှင့် အားကစား အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
နမ့်စန်(တ) မြို့တွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Jul 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စာပေဝါသနာရှင်များ အသင်း (Book Club) ၏ ပုံမှန်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)၌ ကျင်းပ
Jul 22,2023
လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းတွင် အထက (ပေါက်တော)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၊ ကျောက်တန်း စံပြကျေးရွာ ချယ်ရီပန်းပင်များ၌ သဘာဝမြေဩဇာ၊ သဘာဝမြေဆွေး စိုက်ထည့်နေမှုအား ကြည့်ရှုအားပေး
Jul 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းစံပြ ကျေးရွာရှိ ချယ်ရီပန်းပင်များ၌ သဘာဝမြေဩဇာ၊ သဘာဝ မြေဆွေးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ပိုင်ကျုံမြို့ အ-မ-က(ပညာပလီး)ကျောင်း၌ အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်
Jul 22,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အ-မ-က(ပညာပလီး)ကျောင်း တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာမျာမှ ပြည်သူ ၂၂၄ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Jul 22,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက် အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ သည်။