တာမိုးညဲမြို့၊လူထူအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

တာမိုးညဲ  ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊  တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ တွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့များ ပူးပေါင်းပြီး စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားထားသော  “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။

စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့်  စာဖတ်သည့် အလေ့အကျင့်နှင့် စာပေမှရရှိသော အသိပညာဗဟု သုတတိုးပွားစေရန်၊  ဖတ်၊ မှတ်၊ လေ့လာထားသည်များကို အပြန်အလှန် ပူးပေါင်းညှိနှိုင်းဆွေးနွေး တတ်စေရန် ရည်ရွယ်ကျင်းပကြောင်း ဦးစီးမှူး ဒေါ်ခေါန်မိုင်က  ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင် ဒေါ်ဆိုင်းအောင်မှ စာရေးဆရာ လယ်တွင်း သားစောချစ် ရေးသားသော" ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်ထဲမှ ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ၊ အနစ်နာခံ၍ ကူညီတတ်ပါစေ၊ နှုတ်ကြမ်းလက်ကြမ်း လူသရမ်းခေါင်းစဉ်ပါ အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့်  Woman Club အဖွဲ့ဝင်များက  မိမိတို့၏ သဘောထား အမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

တာမိုးညဲမြို့ ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး  Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခေါန်မိုင်(ပြန်/ဆက်)