လိပ်သို ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံ ပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများအနေဖြင့် နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်သီးပင်များ စိုက်ပျိုးခြင်းသည်လည်း အပါအဝင်ဖြစ်သည်။
ဒူးရင်းသီးများမှာ ပေါ်ဉီးပေါ်စတွင် အရွယ်အစားအလိုက် ငွေကျပ်(၅၀၀၀-/)မှ (၁၂၀၀၀-/)အထိ ဈေးရရှိခဲ့သော်လည်း ဒူးရင်းသီးလှိုင်လှိုင်ထွက်ရှိချိန်တွင် ဈေးနှုန်းများ ကျဆင်းလာကာ ဒူးရင်းသီး အကြီးအသေးပေါ်မူတည်၍ (၃၀၀၀-/)ကျပ်မှ (၇၀၀၀-/) ကျပ်အထိသာ ဈေးနှုန်းရရှိကြောင်း ဒူးရင်းသီးရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။
လိပ်သိုဒေသထွက် ဒူးရင်းသီးများကို ဒေသခံများက မိမိတို့၏ ဈေးဆိုင်များ၌ ရောင်းချခြင်း၊ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချခြင်းအပြင် တောင်ငူမြို့ရှိ ဒူးရင်းသီးပွဲရုံ များသို့လည်း ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)