စလင်းမြို့နယ်တွင်အငြိမ်းစားပင်စင်စား(၂၄၁၁)ဦးအား အုပ်စုခွဲ၍ပင်စင်ထုတ်ပေးလျက်ရှိ

စလင်း  ဇူလိုင်  ၂၄    

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊   စလင်းမြို့နယ်    မြန်မာ့စီးပွားရေးဘဏ်၌   အငြိမ်းစား နိုင်ငံဝန်ထမ်း ပင်စင်စားများအား   ပင်စင်လစာငွေများကို   ဇူလိုင်လ(၂၁)ရက်မှစတင်ကာ ထုတ်ပေးခဲ့ပြီး ယနေ့နံနက် (၇)နာရီ အချိန်မှ  စတင်ကာ ဒုတိယနေ့ဖြစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ထုတ်ပေးလျက်ရှိရာတွင်   အငြိမ်းစားပင်စင်စားများ၏   လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် ဘဏ်မန်နေဂျာဒေါ်မီမီအောင် ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ   စလင်းမြို့နယ်တွင်   ပင်စင်စားဦးရေ   စုစုပေါင်း(၂၄၁၁)ဦးရှိပြီး ၊နိုင်ငံရေးပင်စင်စား (၂၂၅)ဦး၊ စစ်တပ် ပင်စင်စား  (၆၈၉)ဦး၊ မြို့ပြပင်စင် ဘဏ်ဝန်ထမ်းများအပါ အဝင် (၁၄၈၆)ဦးရှိသည်။ စလင်းမြို့နယ်အတွင်း   ဇူလိုင်လ  (၂၁) ရက်နေ့မှ ဇူလိုင်လ(၂၄)ရက် နံနက်ပိုင်းအထိ   ပင်စင်ထုတ်ယူသူဦး  (၁၁၂၅)ဦးတို့မှ ဘဏ်ငွေ ထုတ်ကတ်ပြားများကို ကိုင်ဆောင်ကာ  နံနက်ပိုင်းမှစ၍ စနစ်တကျ အလှည့်ကျ ထုတ်ယူနိုင်ကြစေရန်   စီစဥ်ဆောင်ရွက်ထားပြီး   ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်၊ စလင်း မြို့နယ်သည်   ရပ်ကွက်နှင့် ကျေးရွာအုပ်စု ( ၁၁၀)ရှိ၍ ပင်စင်ထုတ်ယူသူဦးရေ များပြားလွန်းသဖြင့်    အုပ်စုများခွဲ၍   ထုတ်ပေးလျက်ရှိရာ  ပင်စင်စားများအနေဖြင့်   ဇူလိုင် (၂၁)ရက်နေ့မှ ဇူလိုင်လ  ၃၁ ရက်နေ့နှင့်  အစိုးရရုံးဖွင့်  ရက်များတွင်  ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ အငြိမ်းစား၊ ပင်စင်စား အသက်ကြီးဘိုးဘွားများ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထုတ်ယူနိုင်သည့် ပင်စင်စားများကို ရပ်ကွက်များနှင့်ကျေးရွာများအရောက်   သွားရောက်၍   ဘဏ်ဝန်ထမ်းများ၏   စေတနာဖြင့်   အသက်ကြီးဘိုးဘွားများ လူမှုရေး၊ ကျန်းမာရေး၊ ကုသိုလ်ရေးတို့တွင်   အသုံးပြုနိုင်ကြစေရန်   သွားရောက် ထုတ်ပေးခဲ့ကြောင်းနှင့် ထုတ်ယူရန်  ကျန်ရှိနေသေသည့် ပင်စင်စားများကိုလည်း  အစိုးရရုံးဖွင့်ရက်များတွင် ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ဘဏ်မန်နေဂျာ ဒေါ်မီမီအောင်ထံမှ သိရသည်။

(မောင်လွင်)စလင်း