သတင်းများ

အောင်လံမြို့နယ် ကသစ်ကန်ကျေးရွာ၌ အစိုးရသစ်၏ ပထမရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်များ ပေးအပ်
Jul 20,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစိုးရသစ်၏ ပထမရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပေးသော ကျေးရွာမြေငှားဂရမ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကသစ်ကန်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။
အောင်လံမြို့၌ သမဝါယမအသင်းဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များတွေ့ဆုံဆွေးနွေး
Jul 20,2026
အောင်လံမြို့နယ် ဝါကြိတ်စက်၊ ဝါဖိစက်၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များနှင့် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်းကို အောင်လံမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး၊ အောင်လံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့ တက်ရောက်ခဲ့သည်။
အုတ်ဖိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 20,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဇူလိုင်လ ၂၀ ရက်နေ့နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဖီးကြမ်းငှက်ပျောပင် ၁၀၀၀ ကျော် စိုက်ပျိုးမည်
Jul 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းတွင် ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖီးကြမ်းငှက်ပျောပင် အပင် ၃၅၀ စိုက်ပျိုးပွဲ ကျင်းပသည်။
အိမ်မဲမြို့တွင် Pilot Progress အစီအစဉ်ရက် (၁၀၀) စီမံချက်ဖြင့် အသက် (၂၂) နှစ်နှင့်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသည့် Pilot Progress အစီအစဉ်ရက် (၁၀၀) စီမံချက်ဖြင့် ၂ဝ၂၆ခုနှစ် အိမ်မဲမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂) နှစ်နှင့်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့သည်။
အိမ်မဲမြို့တွင် စူဠဘွဲ့နှင်းသဘင်နှင့် ဂုဏပူဇာ အခမ်းအနားကျင်းပ
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ် ပရိယတ္တိသာသနာနုဂ္ဂအသင်းမှ ကျင်းပပြုလုပ်သော စူဠဘွဲ့နှင်းသဘင်နှင့် ဂုဏပူဇာ အခမ်းအနားကို သာသနာတော်နှစ်-၂၅၇ဝ ကောဇာသက္ကရာဇ်-၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၄) ရက် ခရစ်နှစ်-၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့နံနက် (၈) နာရီအချိန်တွင် ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 20,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ပြိုင်ပွဲများ၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၃ရက်နေ့တွင် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင်  ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။