သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအမှတ်စဉ် (၂/၂၀၂၆-၂၀၂၇) ဖွင့်ပွဲသို့ တက်ရောက်
Jul 20,2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်း အမှတ်စဉ် (၂/၂၀၂၆-၂၀၂၇) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
တွံတေးမြို့နယ်၌ စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး နေ့အလိုက် စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေး
Jul 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တိုလမ်းဆုံတွင် တွံတေးမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေသော အိမ်စီး/ အငှား/ ကုန်တင်မော်တော်ယာဥ်များအား နိုင်ငံတော်မှ စက်သုံးဆီသုံးစွဲမှုလျော့ချရေး သတ်မှတ်ထားသည့် စည်းကမ်းများနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါနေရာတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ကျောင်းမုန့်ဈေးတန်းများအား ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေး ကွင်းဆင်း စစ်ဆေး
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ကျောင်းသား၊ကျောင်း သူများ စားသုံးသည့် အစားအသောက်များ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်မှု ရှိစေရေးအတွက် ကျောင်းမုန့်ဈေးတန်းများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ အရန်သားဖွားဆရာမများ ကျန်းမာရေးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 20,2026
မွန်ပြည်နယ် မုဒုံမြို့၌ အရန်သားဖွားဆရာမများ ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်း ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ပြုလုပ်သည်။
တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေး ဟောပြောပွဲ ကျင်းပ
Jul 20,2026
ရန်ကုန်တိုင်းဒသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေလည် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင် MSME ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု မော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်
Jul 20,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင် MSMEအေဂျင်စီမှ ကြီးမှူးဖွင့်လှစ်သည့် MSME ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု မော်တာစက်ချုပ်သင်တန်းကို ယနေ့နံနက် ၁၀ နာရီ၌ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သည်။
မအူပင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ရေလဲကလေးကျေးရွာရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း A-1 ခန်းမတွင် ကျင်းပပြုလုပ်သည်။
တောင်ငူမြို့၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စိစစ်ခြင်း အခမ်းအနားကျင်းပ
Jul 20,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အ.ထ.က(၄)၊ ပင်လုံခန်းမ၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များကို ဆန်းစစ်စိစစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။