မြောင်းမြတွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ပြုလုပ်
Oct 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်းအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို ယနေ့ နံနက်( ၁၁ ) နာရီက အမှတ် ( ၉) ရပ်ကွက်၌ ပြုလုပ်ခဲ့သည်။