သတင်းများ

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် အမျိုးသမီး U-19 ဘောလုံးပြိုင်ပွဲသို့ ယှဉ်ပြိုင်မည့် အမျိုးသမီးဘောလုံးအားကစားသမားများ၊ နည်းပြအဖွဲ့များအား တွေ့ဆုံ
Jul 20,2026
လာမည့်စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသမီး U-19 ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ကချင်ပြည်နယ်မှ ပဏာမရွေးချယ်ထား‌သော အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးအားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြအဖွဲ့ဝင်များအား ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် သွားရောက်တွေ့ဆုံအားပေးသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်း မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Jul 20,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က မြို့လယ်ကန္ဒရဝတီ တံတားမှ နမ့်ကွတ်ရေစီးကွေ့အထိ ဘီလူးချောင်းတစ်လျှောက် မြေထိန်းနံရံ အရှည် ၇၀၀၅ ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေဝပ်ဧရိယာ ရေစုပ်ထုတ်ခြင်းလုပ်ငန်းနှင့် ဘီလူးချောင်း ကမ်းပါး တစ်လျှောက် အရှည် ၁၈၇၅ ပေ အုတ်ရိုးစီခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Polytechnic University (Maubin)၌ မိုးရာသီအားကစားပြိုင်ပွဲကျင်းပ
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့ရှိ Polytechnic University (Maubin)၌ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယ‌မန်နေ့ မွန်းလွဲပိုင်းက အဆိုပါ‌ကျောင်းအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ‌ပြုလုပ်
Jul 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံး မြို့နယ်ဦးစီးအရာရှိ ဦးဆန်းဦး ကြီးကြပ်မှုဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်သားစိစစ်ရေး ကတ်ပြားများအား ပြုလုပ်ပေးခြင်းကို ယမန်‌နေ့က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ် (၁၈) ရပ်ကွက် အ.ထ.က (၁၃) ကျောင်း၌ ပြုလုပ်ပေးသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ် ၂၀၂၆ အား ခမ်းနားစည်ကားစွာ ကျင်းပပြုလုပ်နိုင်ရေး တက္ကသိုလ်ဝင်းအတွင်း ကွင်းဆင်းစစ်ဆေး
Jul 20,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် မြစ်ကြီးနား နိုင်ငံတကာပညာရေးဖိုရမ်-၂၀၂၆ အား စည်ကားသိုက်မြိုက်ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မော်လိုက်မြို့၌ စာအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Jul 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တွင် ဝန်ထမ်းများနှင့်ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ ယမန်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆင်နင်းခံရမှုကြောင့် သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရရှိသူ တစ်ဦးတို့အား ထောက်ပံ့ငွေများပေးအပ်
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နယ် မဒေါ့ကုန်းကျေးရွာအုပ်စု ငှက်ပျောချောင်းကွင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဆင်နင်းခံရမှုကြောင့် သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရရှိသူ တစ်ဦးတို့အား ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ သွားရောက်ထောက်ပံ့ ပေးအပ်သည်။
ဟင်္သာတမြို့နယ်တွင် ကုန်စုံဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေး
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များအား ရှောင်တခင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။