သတင်းများ

မတ္တရာမြို့နယ်၌ မြို့နယ်အဆင့် လူထုကျန်းမာရေးလုပ်သား(အကျဉ်းချုံး)သင်တန်းဖွင့်
Jul 20,2026
မန္တလေးတိုင်း‌ဒေသကြီး၊ မတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ International Committee of The Red Cross (ICRC)တို့ ပူးပေါင်းဖွင့်လှစ်သော မြို့နယ်အဆင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့အားကစားကွင်း၌ ထူးချွန်ပြီး အလားအလာရှိသော လူငယ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာရေး ခရိုင်အားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဝါမျိုးသစ်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဝါမျိုးကူးစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်) မှ တောင်သူများအတွက် စီးပွားဖြစ် စိုက်ပျိုးရန် ဖြန့်ဖြူးခဲ့သော ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးများထက် အထွက်နှုန်းနှင့်အရည်အသွေး သာလွန်ကောင်းမွန်သော ဝါမျိုးသစ်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ဝါမျိုးကူးစပ်ခြင်း (Cotton Breeding) အား ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြိုရာသီမှစ၍ ဆောင်ရွက်လျက်ရှိရာ  နောင်လာမည့် ၂ နှစ်အတွင်း ဝါမျိုးသစ်များကို တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း ခြံတာဝန်ခံ ဒေါက်တာအေးအေးမြတ် ပြောပြ၍ သိရသည်။
ဗိုလ်တထောင်မြို့နယ်Community Centre ခန်းမ၌ Book Club စာဖတ်ဝိုင်းနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 20,2026
ဗိုလ်တထောင်မြို့နယ် Community Centre ခန်းမ၌ ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီခွဲက Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲကျင်းပ
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း Training of Trainer (ToT) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နော်ရထာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုး
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးများစိုက်ပျိုးရာ၌ တစ်ဧက ကောက်ကွက်ပြည့်မီ၍ အထွက်နှုန်းတိုးပွားရေး၊ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးပြီးစီးရေး ယမန်နေ့နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဟန်မြင့်မိုရ်ကျေးရွာအုပ်စု တောင်သူ ဒေါ်နီလာအောင်၏ ကွင်းအမှတ် (၂၈၉)၊  လယ်မြေ (၃) ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
‎မဟာအောင်မြေမြို့နယ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးခံရ‌သူများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ‎
Jul 20,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးခံရ‌သူများကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၂၄)အ.ထ.က ကျောင်းတွင် ကျင်းပသည်။
ချောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 20,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကိုလေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြော(အထက်တန်းဆင့်)နှင့် စာစီစာကုံး(အလယ်တန်းဆင့်)ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ချောက်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။