သတင်းများ

ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နေပြည်သူများအား ကြက်ဥတစ်လုံး (၅၅၀ )ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး
Jul 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ‌ရွှေပြည်သာမြို့နယ်ရှိပြည်သူများ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ‌ ‌‌မွေးမြူ‌ ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့ပူးပေါင်း၍ ကြက်ဥများအားဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၁၁)ရပ်ကွက် ပတ္တမြားဈေးတွင် ရောင်းချပေးခဲ့သည်။
ကလေးဝမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Jul 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက်ပိုင်းကစတင်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့သည်။
ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်လှစ်
Jul 20,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက် ၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်ဆွေးနွေးပွဲကျင်းပ
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ယနေ့နံနက် (၉)နာရီ အချိန်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သည်။
ဒလမြို့နယ်၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲကို  ဇူလိုင်လ(၁၆)ရက်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပခဲ့သည်။
ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရောင်းချသော စားအုန်းဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေး
Jul 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဆီကုန်သည်များအသင်းမှ ခွဲဝေကြီးကြပ်မှုဖြင့် လက်လီ/လက်ကား ရောင်းချလျက်ရှိသော  စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေ းဆောင်ရွက်နေကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လိုက်လံကြည့်ရှု
Jul 20,2026
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၉ ရက်နံနက်ပိုင်းတွင် ခန္တီး-ဆင်သေ-လဟယ်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၅၃-၅၄ ကီလိုမီတာအတွင်းရှိ ထိန်ညိုတောင်ရှုခင်းသာနှင့် ရိုးရာအဆောက်အဦ တည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ လမ်းအထူး(၁၉)မှ တာဝန်ခံအင်ဂျင်နီယာမှ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြ သည်။