သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ မိုးနှမ်းလျာထားဧက (၃၉၁၆၄)ဧက စိုက်ပျိုးပြီးစီး
Jul 20,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင်လည်း မိုးနှမ်းလျာထားဧက (၃၉၁၆၄)ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jul 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း မိုးရာသီကာလအတွင်း အများဆုံးဖြစ်ပွားတတ်သည့် ဝမ်းပျက်/ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ယနေ့နံနက်ပိုင်းမှစ၍ ခနောင်တို အနောက်ရပ်ကွက်အတွင်းရှိ ကျောင်းများ၊ လူနေအိမ်များအတွင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
ညောင်ဦးမြို့ မြင်းကပါအခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်နှင့်ပညာရေး စကားဝိုင်းကျင်းပ
Jul 20,2026
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့၊ မြင်းကပါအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 20,2026
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး အင်းမမြို့ရှိ တိုက်နယ်ဆေးရုံနှင့် အ.ထ.က (အင်းမ)သို့သွားရောက်၍ ကြည့်ရှုစစ်ဆေး
Jul 20,2026
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးလွှတ်တော်အဖွဲ့ဝင် ဦးအုန်းသွင်၊ ပညာကျန်းမာလူမှုရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ပွင့်ဆန်း၊ စီမံကိန်းစီးပွားရေးနှင့် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးမြစိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အင်းမမြို့ရှိ တိုက်နယ်ဆေးရုံနှင့် အ.ထ.က (အင်းမ)သို့သွားရောက်၍ အဆိုပါဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။
ကျောက်ဆည်မြို့၌ ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 20,2026
ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီရုံး) အစည်းအဝေးခန်းမတွင် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးနှင့် တိုင်းဒေသကြီးစီမံကိန်းရေးဆွဲအအထည်ဖော်ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်စီမံကိန်းဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်နှင့်အဖွဲ့ဝင်များ၊ တံတားဦးခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စုစုပေါင်း (၆၅) ဦးခန့် တက်ရောက်ခဲ့သည်။
မတ္တရာမြို့နယ် အ.ထ.က(မတ္တရာ)၌ လူငယ်စကားဝိုင်းကျင်းပ
Jul 20,2026
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် “လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ လူငယ်များအချင်းချင်း အသိပညာအတက်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များရင့်သန်လာစေရန်’’ ရည်ရွယ်၍ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(မတ္တရာ) အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။