သတင်းများ

ကျောက်ဆည်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့မွန်းလွဲ ၁ နာရီက အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိူးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကျင်းပ
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူ အကျိူးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင် လျှပ်စစ်မန်နေဂျာရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၌ စိုက်ပျိုးမြေအတွင်း(ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထည့်သွင်းမြေမြှပ်ခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Jul 20,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ ရွာသစ်ကွင်းအမှတ် ၁၁၁၅/ ၁၉၅၅ တောင်သူ ဦးကျော်သန်း၏ ကိုင်းစိုက်ပျိုးမြေတွင် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ စိုက်ပျိုးမြေအတွင်း(ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာထည့်သွင်းမြေမြှပ်ခြင်းကို ယနေ့ နံနက် ၈နာရီက ဆောင်ရွက်သည်။
ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် CMEC ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်း၍ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးကျင်းပသည့် ငလျင်ဘေးနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၀ ရက်နေ့နံနက် ၉ နာရီခွဲက အောင်မင်္ဂလာရပ်ကွက်ရှိ CMEC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ် ကျေးရွာအုပ်စုများ၌ သီးနှံမျိုးစုံ ၁၆၃၈ ဧက စိုက်ပျိုးပြီးဖြစ်
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ် (၁၁) အတွင်းရှိ ကျေးရွာအုပ်စုများ၌ ဇူလိုင် ၁၅ ရက်နေ့တွင် မိုးသီးနှံမျိုးစုံ ၁၆၃၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း  မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ပင်လောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းထူးချွန်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 20,2026
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း ၁၀နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
လားရှိုးမြို့တွင် သာ့သနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန် ဩဝါဒခံယူပွဲနှင့် ပထမအကြိမ် အလှူငွေပေးအပ်ပွဲကျင်းပ
Jul 20,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သာ့သနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန် ဩဝါဒခံယူပွဲနှင့် ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို ယမန်နေ့က မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်‌အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်သည်။
ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာဒီရေတော‌ဂေဟစနစ် ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 20,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့က အ-ထ-က(မင်းတန်း)ကျောင်း၌ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။