သတင်းများ

ကလိန်အောင်မြို့၌ ကွမ်းသီးပျိုးပင် ဈေးကောင်းရ
Jul 20,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့‌ ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရော်ဘာ၊ ကွမ်းသီးပင်ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ကွမ်းသီးပင်စိုက်တောင်သူများပြားကာ ပျိုးထောင်ထားသူများ ဈေးကောင်းရ၍ ဝင်ငွေကောင်းနေကြောင်း ကလိန်အောင်မြို့ရှိ ‌‌တောင်သူများထံမှ သိရသည်။
ဟင်္သာတမြို့နယ်၊ ရေလယ်ကျွန်း(ဆိပ်)ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကျင်းပ
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်း (ဆိပ်)ကျေးရွာတွင် ပြည်သူ့စကားဝိုင်း (Public Talk)‌ ဆွေးနွေးပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ပါသည်။
မြစ်ကြီးနားမြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 20,2026
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ဘောလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 20,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ဘောလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန သို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက မြို့နယ်ရန်ပယ် အားကစားကွင်းမိုးလုံလေလုံခန်းမ၌ ပြု လုပ်ခဲ့သည်။
ဖားကန့်မြို့၌ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြေနိမ့်ရပ်ကွက်များတွင် ရေဝင်ရောက်မှု ရှိ
Jul 20,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့တွင် မိုးများသည်းထန်းစွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ဇူလိုင်လ ၁၇ ရက်မှစတင်၍ ဥရုချောင်းရေမြင့်တင်လာခဲ့ပြီး ငှက်ပျောတောရပ်ကွက်အတွင်း ရေများစတင်ဝင်‌ရောက်လျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 20,2026
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ ကျင်းပပြုလုပ်သော ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ထီပေါင်းကျေးရွာအုပ်စု၊ ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ညောင်ငူကျေးရွာအုပ်စု၊ ညောင်ငူကျေးရွာရှိအိမ်ခြေ (၃၆) လုံး၊ ရွာမြေဧရိယာ (၅.၁၁၄) ဧကအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်များ အမြန်ဆုံး ထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်‌ဆေးခြင်းနှင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးမည့် အိမ်များအား ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစော၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးမင်းနောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၂) ကြိမ်မြောက် စက်ဝန်းရန်ပုံငွေ ထုတ်ချေး
Jul 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၂) ကြိမ်မြောက် စက်ဝန်းရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနားကို ကင်းတော်ကျေးရွာခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။