သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြှင့်မားလာစေရေးအတွက်  ကျေးရွာအရောက် ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်
Jul 30,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ခံများမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြှင့်မားလာစေရေးအတွက် ရည်ရွယ်၍ ကျေးရွာနေတိုင်းရင်းသားပြည်သူများ၏   နယ်မြေဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို   ဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့  မွန်းလွဲ (၁) နာရီအချိန်က သမ္ဘာန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ်၌ (၁၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသီလရှင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချအခမ်းအနားကျင်းပ
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၁၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သီလရှင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၂ နာရီက မြို့လယ်ဓမ္မာရုံ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၈)ကျောင်း၌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 30,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများက မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၈) ကျောင်း၌ စုပေါင်းသန့်ရှင်းရေးကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက် (၈) နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်းဘေးကြောင့် နေအိမ်အမိုးလန် မိသားစုများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်
Jul 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂)လုံး အမိုးလန်ပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လ ၂၈ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
နမ္မတူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ Unique ID နံပါတ်စာရွက်များထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ်စာရွက်များထုတ်ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆဒုံးမြို့ ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်
Jul 30,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အမှတ်(၄)ရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓဘာသာ တောင်တန်းသာသနာပြုကျောင်းနှင့် အထက်ရှမ်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့ နံနက်(၉) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Gasifier အသုံးပြုလည်ပတ်မှုနှင့် ရေဆိုးစွန့်ပစ်ကန် ဆောင်ရွက်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေး
Jul 30,2023
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ Gasifier အသုံးပြု ဆန်စက် လည်ပတ်နေမှုများနှင့် ရေဆိုးစွန့်ပစ်ကန်ဆောင်ရွက်ထားမှု အခြေအနေများအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့‌ကြောင်း သိရသည်။