အာနန္ဒာဘုရားကြီး ရွှေသင်္ကန်းကပ်လှူနိုင်ရေး လေလံပွဲကျင်းပ

ညောင်ဦး ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့​ အာနန္ဒာ‌‌ဘုရားကြီး၏ ကွမ်းထောင်တော်၊ အထွဋ်စေတီ‌တော်၊ မုခ်ကပ်ဆင်းတုတော် (၂၀)နှင့် နတ်ရုပ်ကြီးများအား ရွှေသင်္ကန်းကပ်လှူနိုင်‌ရေးနှင့် စပ်လျဉ်း၍ ရွှေဆိုင်းတင်ဒါဖွင့်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဦးစီးကော်မတီနှင့် ကော်မတီဝင်များ၊ လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဂေါပကအဖွဲ့များ၊ လုပ်ငန်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များဖြင့် ယနေ့ နံနက် (၉)နာရီက ဂေါပကအဖွဲ့ရုံးတွင် မျက်ပါးရွှေဆိုင်းတင်ဒါပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍  နံနက် (၁၀)နာရီတွင် အာနန္ဒာဘုရားဂေါပကရုံး၌ ဘုရားကြီး၏ တောင်ဘက်နှင့် မြောက်ဘက်ရှိ အာရုံခံတန်ဆောင်းတို့၏ မျက်နှာကျက်များရှိ  ရွှေများမှေးမှိန်နေသဖြင့် အမြင်တင့်တယ်စေရန် အဆိုပါအာရုံခံတန်ဆောင်းများအား ထိုင်ဝမ်ရွှေ (Easy Gold) ဖြင့် အရောင်တင်ခြင်းလုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရွှေမိုက်ထုတ်ခြင်း လေလံပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအာရုံခံတန်ဆောင်းများ အရောင်တင်ခြင်းလုပ်ငန်းဦးစီးကော်မတီ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဂေါပကအဖွဲ့များ၊ လုပ်ငန်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်းသိ ရသည်။

ဒီပါလင်း