သတင်းများ

ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ဧပြီလအတွက် ပင်စင်လစာငွေများ စတင်ထုတ်ပေး
Apr 24,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဧပြီလအတွက် အငြိမ်းစား ပင်စင်လစာငွေများကို (၂၂-၄-၂၀၂၅) ရက်နေ့ နံနက်ပိုင်း   (၀၅:၁၅)နာရီအချိန်က စတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Apr 24,2025
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် အလှူငွေများ လက်ခံရယူခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မိတ္ထီလာတောင်ကန် ပြုပြင်ဆောင်ရွက်နေမှု၊ ရမည်းသင်းခရိုင်အတွင်း ပျက်စီး ဆုံးရှုံးမှုများနှင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု
Apr 24,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ(၂၂)နေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိတ္ထီလာတောင်ကန် ပြန်လည်ပြုပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအ‌ခြေအနေ၊ ရမည်းသင်းခရိုင်အတွင်း ထိခိုက်ပျက်စီးခဲ့မှုနှင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုပြီး ငလျင်ဘေးဒဏ်သင့်ခံခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်စသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းပြုပြင်တိုးချဲ့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု မြို့တော်ဝန် ကွင်းဆင်းကြည့်ရှု
Apr 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ မြခွာညိုအိမ်ရာဝင်းရှိ အမှတ်(၁၂) မြစ်ထွက်ပေါက်ရေတံခါး ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြှုပ်ပန့်များ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေတံခါးဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။
ဘားအံ၌ ရေကြောင်းလူငယ်အခြေခံသင်တန်းဖွင့်လှစ်
Apr 24,2025
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ကျောင်းသူမျိုးဆက်သစ်လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်း လာစေရန်ရည်ရွယ်၍ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ဘားအံရေကြောင်းလူငယ်စခန်း၏ ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက်(၉)နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုဇွန်တောင်စျေးနှင့် အမှတ်(၃)ရပ်ကွက်တွင် မီးဘေးလုံခြုံရေးအသိပညာပေး ဆောင်ရွက်
Apr 23,2025
၂၀၂၅ခုနှစ် မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပုဇွန်တောင်စျေးနှင့် အမှတ်(၃)ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်မြို့၌ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 23,2025
ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ပြည်သင်တန်းစခန်း အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ နွေရာသီ တယောတီးခတ်မှုသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Apr 23,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်လမ်းညွန်မှုဖြင့် နွေရာသီကာလ လူငယ်ကျောင်းသား ကျောင်းသူများအတွက် အကျိုးကျေးဇူးရရှိစေမည့် အနုပညာစွမ်းရည်ဖြစ်သော အခြေခံတယောပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊  မြို့တော်ခန်းမ၌ ကျင်းပရာ၊ တယောတီးခတ်မှုသင်တန်းဆင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ တယောတီးခတ်မှု နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။