သတင်းများ

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Apr 25,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၉)နာရီက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးလျက်ရှိ
Apr 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင်  ဧပြီလ ၂၁ ရက်နံနက်ပိုင်းမှစတင်၍ အဆင်ပြေချောမွေ့စွာထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာဧည့်သည်ခေါ် ဘုရားပွဲ နှင့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကြည့်ရှုအားပေး
Apr 25,2025
မွန်ပြည်နယ်၊ (ဘီလူးကျွန်း) ချောင်းဆုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာအစဉ်အလာများအတိုင်းကျင်းပခဲ့ပြီး ယမန်နေ့က ကညှော်ကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကိုကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ကျိုင်းတုံမြို့၌ ၇၉ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Apr 25,2025
၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် ၇၉ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကျိုင်းတုံမြို့ ရပ်တော်မူဘုရားနှင့် စွန်‌တောင်းစေတီတို့တွင် ယနေ့နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် မီးဘေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် မီးဘေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၃ နာရီအချိန်က (ည) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
Apr 25,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မီးသတိပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးစစ်ဆေးဆောင်ရွက်
Apr 25,2025
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၁) နှင့် (၄၂) ရပ်ကွက်ရှိ ပြည်သူများအား မီး‌ဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Apr 25,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မင်းဘူး(စကု)မြို့နယ်၊ မင်းလှကုန်းကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။