တောင်ကြီးမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဇွန် ၅

သီးသန့်မီးသတ်တပ်ဖွဲ့များ စနစ်တကျဖွဲ့စည်းရန်နှင့် မီးလောင်မှုများဖြစ်ပွားပါက ကနဦးလက်ဦးမှုရယူ၍ မီးငြှိမ်းသတ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ဇွန်လ (၅) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ ခရိုင်မီးသတ်ဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို သင်တန်းသား (၁၀၀) ဦးအား (၂) ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)