သတင်းများ

နတ်တလင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jun 10,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.မ.က(လွန်)နွယ်ခွေကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်၌ KBT ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Jun 10,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ KBT ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်က မြေနီကုန်းကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ကြသည်။
သာယာဝတီမြို့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 10,2025
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ကွက်သစ်ရပ်ကွက်၊ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့​သည်။
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ဇွဲကပင်အားကစားရုံဆောက်လုပ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Jun 10,2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်နှင့်အတူ ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ရပ်ကွက်အတွင်းရှိ ဘက်စုံသုံးအားကစားရုံ ရှင်းလင်း ဆောင်သို့ ရောက်ရှိခဲ့ပြီး ဆောက်လုပ်ရေးစီမံကိန်းမန်နေဂျာမှ  အားကစားရုံဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက အားကစားရုံ အဆောက်အဦအား အရည်အသွေးပြည့်မှီစွာ တည်ဆောက်နိုင်ရေးနှင့် သတ်မှတ်အချိန် ကာလအတွင်းပြီးစီးအောင် ဆောက်လုပ်နိုင်ရေးစသည့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jun 10,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ဖိုးခေါင်အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၅ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဖြေဆို
Jun 10,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် ဘာသာပြန်ဘာသာရပ်ကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ မိုးစပါး ၈၁၅၆၉ ဧကလျာထားစိုက်ပျိုးမည်
Jun 10,2025
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ဧက ၈၁၅၆၉ လျာထားစိုက်ပျိုးမည်ဖြစ်ပြီး လျာထားဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရန်အတွက် တာဝန်ရှိသူများက တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၃) သင်တန်းဖွင့်ပွဲကျင်းပ
Jun 10,2025
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ရတနာသိင်္ဃခန်းမ၌ ယမန်နေ့နံနက်၈နာရီတွင် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ဝန်ကြီးဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်းများ၏ အရည်အသွေး တိုးတက်စေရန်၊ နိုင်ငံတော်ကပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန်နှင့် ခံယူချက်၊ယုံကြည်ချက် ခိုင်မာသည့် အနာဂတ်နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး လေ့ကျင့်ပေးသွားမည့် သင်တန်းဖြစ် ကြောင်း၊ သင်တန်းတက်ရောက် ကြသည့် “သင်တန်းသားတစ်ဦးချင်းစီ၏ အခြေခံအကျဆုံးတာဝန်သည် သင်တန်းမပျက်ကွက်ရေးပင်ဖြစ်သည်”ဟု နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က အလေးအနက် သတ်မှတ်ထားသည့်အတွက် သင်တန်း ကာလအတွင်း သင်တန်းပျက်ကွက်မှုမရှိအောင် အတတ်နိုင်ဆုံး ကြိုးစားလေ့ကျင့်သွားကြရန်နှင့် ကျန်းမာရေးကောင်းအောင် နေထိုင်သွားကြရန်လိုကြောင်း၊ သင်တန်းသား/သူများသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ အဓိကတာဝန်များကို ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် စိတ်ဓာတ်နှင့်စွမ်းရည်မြင့်မားသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် မိမိတို့ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသ၍ လိုက်ပါကြိုးစားဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။