သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ (၁၇.၃၇)ရာခိုင်နှုန်းထုတ်ချေးပြီးဖြစ်
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား မေလ ၁၉ ရက်နေ့တွင် စတင်ထုတ်ချေးခဲ့ကြောင်း သိရသည်။
ကသာမြို့၊ ဓမ္မပါလပရိယတ္တိစာသင်တိုက်၌ စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jun 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဓမ္မပါလသန္တိသုခဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ  စားသုံးသူပြည်သူများအား ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာသာတမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ ယနေ့နံနက် ၇ နာရီက အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက် သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ဒေးဒရဲမြို့၌ ရေသန့်ထုတ်လုပ်ရောင်ချလျက်ရှိသည့် စက်ရုံများသို့ သတ်မှတ်ချက်များနှင့်အညီ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရေသန့်ထုတ်လုပ်ရောင်းချလျက်ရှိသည့်စက်ရုံများအား ကျန်းမာရေးနှင့်ညီညွတ်စွာ ထုတ်လုပ်ရောင်းချနိုင်ရေး၊ သတ်မှတ်ချက်နှင့် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှု မရှိစေရေး စစ်ဆေးဆောင်ရွက်
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့ (ဖျာပုံ) မှ ဒုရဲအုပ် ဝိုင်းအောင်ချစ်ခေါင်းဆောင်သော ယာဥ်ထိန်းတပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်း မော်တော်ယာဥ်မောင်းနှင်သွားလာကြသူများအား လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှုမရှိစေရေး၊ မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်ကြသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ပါ/မပါ စသည်တို့ကို မြို့ပေါ်ရပ်ကွက်များနှင့် မြို့ဝင် မြို့ထွက်နေရာများသို့ လှည့်လည်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း ဆောင်ရွက်ကြသည်။
ရေကြည်မြို့နယ်၌ (၄၆) ကြိမ်မြောက်မဟာသမယနေ့နှင့် (၆၄) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်း အနားကျင်းပ
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ (၄၆) ကြိမ်မြောက် မဟာသမယနေ့နှင့် (၆၄) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြည်တော်အေးမင်္ဂလာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲ ဆောင်ရွက်
Jun 10,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်​နေ့ နံနက် ၉ နာရီက အ.မ.က ရွာသာကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
လမ်းမတော်မြို့နယ်၌ အစားသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဆေးဝါး ရောင်းချခွင့် လက်လီလိုင်စင် (သက်တမ်းတိုး)များ ကွင်းဆင်း စစ်ဆေးဆောင်ရွက်
Jun 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားခရိုင်၊လမ်းမတော်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဆေးဝါးရောင်းချခွင့်လက် လီလိုင်စင်(သက်တမ်းတိုး)များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ညနေပိုင်းက လမ်းမတော်မြို့နယ် အစားသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။