သတင်းများ

နမ့်စန်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Jul 02,2025
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)မှ ဆရာမများနှင့် ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မွေးစမှ အသက်(၁)နှစ်ခွဲကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး
Jul 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင် ထိုးနှံပေးလျက်ရှိသည်။
ရပ်စောက်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်)တွင် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ
Jul 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်ကကျင်းပသည်။
အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Jul 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်/မှတ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 02,2025
ကျောင်းသားကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ မှတ်သားလေ့လာမှုများ အားကောင်းလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်နှင့် အများနှင့်ဝိုင်းဖွဲ့ဆွေးနွေး ပြောဆိုတတ်စေရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Jul 02,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၆)ဦးတွေ့ရှိ
Jul 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၆)ဦးတွေ့ရှိရသောကြောင့် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် အခွန်ဆိုင်ရာ ရှင်းလင်းပွဲကျင်းပ
Jul 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အခွန်ဆိုင်ရာရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။