သတင်းများ

မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြားနှင့်လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုကမ်းစားမှုသက်သာစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြားနှင့်လွန်ဆေးမြိုင်ပန်းခြံအနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိသောနေရာအား ကမ်းပြိုကမ်းစားမှုသက်သာစေရန် ယနေ့ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊ အ.လ.က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယျရေးရာအသိပညာပေးဟောပွောပှဲကို အ.လ.က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ ယမန်နေ့နေ့လည် (၁) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း တောင်ကလေးတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း တောင်ကလေး တွင် ကျောင်းကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန့်နေ့ညနေပိုင်းက အဆိုပါကျောင်းရှိ အားကစားဝန်းအတွင်း ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးနှင့် ဆရာ၊ ဆရာမများ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျွန်းလှမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကွန်ကရစ်တံတားများတည်ဆောက်
Jul 17,2024
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပျဉ်းမမြိုင်ရပ်ကွက်နှင့် အင်ကြင်းမြိုင်ရပ်ကွက်တို့တွင် ရေစီးရေလာကောင်းမွန်ရေး၊ သွားလာရေးအဆင်ပြေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကွန်းကရစ်တံတားများ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ရေဖြူ၌ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ယ‌နေ့ နံနက် ၈နာရီ၌ မြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးများအား  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ခန္တီးမြို့နယ်၌ အိမ်သုံးရေကန်များတွင် ကလိုရင်းဆေးခပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ထမ်းများက အိမ်သုံးရေကန်များတွင် ကလိုရင်းဆေးခပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။
ဂန့်ဂေါမြို့၊ အ.လ.က(မြောက်ကုန်း)ကျောင်းတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.လ.က(မြောက်ကုန်း)ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ ပြည့်ဝစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
အမှတ်၂ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jul 17,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ မေတ္တာခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ ဟောပြောပွဲ၊ နံနံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့သည်။