ပျော်ဘွယ်မြို့နယ်တွင် သစ်တောထိန်းသိမ်းရေးနှင့်သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ် ဇူလိုင် ၁၆

ပျော်ဘွယ်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။

ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ခင်ဦးက သစ်တောဦးစီးဌာနအနေဖြင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဟောပြောပွဲသို့တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိအိမ်၊ မိမိကျောင်းဝင်းအတွင်း တစ်ပိုင်တစ်နိုင် သစ်ပင်များစိုက်ပျိုးသွား ရန်လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဟောပြောသည်။

မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် သစ်ပင်များ စိုက်ပျိုးလိုပါက မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်ခြံတွင် ပျိုးပင်များအခမဲ့ လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)