လသာမြို့နယ်၌ ​ကျောင်းနှင့်ဝန်းကျင်စိမ်းလန်း​စို​ပြည်​ရေးသစ်ပင်စိုက်ပျိုး

လသာ ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ပညာရေးပြက္ခဒိန်ပါ ပညာသင်နှစ်အလိုက် ဇူလိုင်လဒုတိယပတ်၏ တနင်္ဂနွေနေ့ကို “ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့” အဖြစ်သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါနေ့တွင် ကျောင်းအုပ်ကြီး၊ ဆရာမများနှင့် ကျောင်းသူများအင်အား (၈၅၀)ဦးခန့်စုပေါင်းကာ  အရိပ်ရပင်၊ လေကာပင်၊ ရာသီအလိုက်သီးပင်၊ စားပင်၊ ပန်းအလှပင်၊ စီမံကိန်းဝင်အပင်များ စုစုပေါင်း(၃၀၀)ကျော် တိုးချဲ့စိုက်ပျိုးကြ​ကြောင်း၊ ယခင်စိုက်ပျိုးထားသည့်အပင်များ စိမ်းလန်းစိုပြည်ရှင်သန်​ရေးအတွက် ပြုစုပျိုးထောင်ခြင်းတို့ကိုလည်း ဆောင်ရွက်ကြကြောင်းနှင့် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပ​စေ​ရန်၊ စိုက်ပျိုးထားသောအပင်များ စိမ်းလန်းစိုပြည်ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကိုထိန်းသိမ်းပြုပြင်တတ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ သစ်ပင်စိုက်ပျိုးရေးအသိပညာများ လက်တွေ့ရရှိစေရန် မိမိစိုက်ပျိုးထားသောအပင်များကို ပြုစုပျိုးထောင်တတ်စေရန်အတွက် သစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

နန်းသဲနု​အောင်(ပြန်/ဆက်)