မဟာအောင်မြေမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်း တိုက်ဆိုင် စစ်ဆေး ဆောင်ရွက်

မဟာအောင်မြေ ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း နေထိုင်သူများ အတည်ပြုလူဦးရေ စာရင်းမှန်ကန်စေရေး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများရေးသွင်းခြင်းကို မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စာရင်းများရေးသွင်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းလွင်နှင့် ဝန်ထမ်းများပူးပေါင်း၍ စာရင်းများမှားယွင်းမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးရာသို့ မြို့နယ်အ‌ထွေထွေအုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေမြို့နယ် လက်ထောက်မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်တို့က ကြည့်ရှုအားပေးပြီး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများရေးသွင်းခြင်း မှားယွင်းမှုများမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း