ပျော်ဘွယ်မြို့နယ်၌ စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် ဇူလိုင် ၁၆

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာမ အေးဖြူရေးသားသည့် “ဖတ်မိသမျှတွေမျှဝေပေးဖို့” စာအုပ်မှ “သဘာဝဘေးအန္တရာယ်များတဲ့လား”အကြောင်းအရာကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင် များကို အပြန်အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင်များက ကမ္ဘာနဲ့တစ်ဝန်း ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေမှု၊ ရိုးရိုးသဘာဝဘေးအန္တရာယ်ရှိသလို လူသားတို့၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာရသည့် သဘာဝဘေးအန္တရာယ်များ၊ အခြေခံအကျဆုံးမှာ သစ်တောပြုန်းတီးမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်အများစုမှ လူသားတို့ကြောင့်ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)