မုံရွာတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

မုံရွာ၊ ဇူလိုင် ၁၅

မုံရွာတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

ဦးစွာမုံရွာတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသန်းသန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မုံရွာတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်နွဲ့အေးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများအား လည်းကောင်း၊ မုံရွာတက္ကသိုလ် ဥပဒေပညာဌာနပါမောက္ခ(ဌာနမှူး) ဆရာမကြီးဒေါက်တာဌေးဌေးက ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများအားလည်းကောင်း ပရိုဂျက်တာများဖြင့် အသီးသီးအသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ၏ ထပ်မံသိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မုံရွာတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းနှင့်အတူ ဒုတိယပါမောက္ခချုပ်များ၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဌာနမှူးများ၊ ကထိကများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)