နတ်တလင်း ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများမှ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ရွှေလင်းဘိုးဘွားရိပ်သာအတွင်းရှိ ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက အဘိုး၊ အဘွားများအား အလှူငွေနှင့်ပစ္စည်းများလှူဒါန်းခဲ့သည်။
ဦးစွာ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများမှ သြကာသကန်တော့ချိုးဖြင့်ပူဇော်ကန်တော့ခဲ့ပြီး ဘိုးဘွားရိပ်သာအတွက် မဂျမ်းတောထူးထူးရှယ် (၁၅) အိတ်၊ ဆီ (၅) ပိဿာဝင်ပုံး (၆) ပုံး၊ ကြက်ဥအလုံး (၃၀၀) နှင့် အဘိုး၊ အဘွား (၂၁) ဦးအတွက် တစ်ဦးလျှင် (၁) သိန်းကျပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆိုခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)