ညောင်ဦးခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ညောင်ဦး  ဇူလိုင်  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန့်းက ခရိုင်ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ဆောင်ရွက်ခဲ့သည့်လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအားရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များကသက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုစင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း