အောင်လံမြို့နယ် ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံး

အောင်လံ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဇူလိုင် ၁၂ ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများစိုက်ပျိုးထား သည့်သီးနှံများ ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။

အောင်လံမြို့နယ်အတွင်း ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သီးနှံစိုက်ခင်း ရေဝင်ရောက်သည့်နေရာများမှာ မကျီးကုန်းကျေးရွာတွင် ရေမြုပ်ဧက ၁၃၅ ဧက၊ မိုးဖုန်းကျေးရွာတွင် ရေမြုပ်ဧက ၃၃၄ ဧက၊ ရေပြင်းကျေးရွာတွင် ရေမြုပ်ဧက ၃၂၁ ဧက၊ အင်းကုန်းကျေးရွာတွင် ရေမြုပ်ဧက ၄၇၇ ဧက၊ မအူခုံကျေးရွာတွင် ရေမြုပ်ဧက ၅၂ ဧက၊ တောင်နံသာကျေးရွာတွင် ရေမြုပ်ဧက ၇၇ ဧက၊ ကျောက်ဆည်ကျေးရွာတွင် ရေမြုပ်ဧက ၃၈၇ ဧက၊ ပြလို့မြို့တွင် ရေမြုပ်ဧက ၁၄၁ ဧက၊ ကျီရပ်ကုန်းကျေးရွာတွင် ရေမြုပ်ဧက ၁၁၃ ဧက၊ ငါ့ပြင်းကျေးရွာတွင် ရေမြုပ်ဧက ၉၄ ဧက၊ ကွမ်းလောင်းကျေးရွာတွင် ရေမြုပ်ဧက ၈၈ ဧက၊ ကံမလေးကျေးရွာတွင် ရေမြုပ်ဧက ၁၃ ဧက၊ သရက်တောရပ်ကွက်တွင် ရေမြုပ်ဧက ၂၈ ဧက၊ ညောင်ပင်ဆိပ်ကျေးရွာတွင် ရေမြုပ်ဧက ၅၁ ဧက၊ ပိတောက်ကုန်းကျေးရွာတွင် ရေမြုပ်ဧက ၃၂ ဧက၊ သံရွာကျေးရွာတွင် ရေမြုပ်ဧက ၄ ဧက၊ စုစုပေါင်း ၂၃၄၇ ဧက မြစ်ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးသိန်း(ပြန်/ဆက်)