သရက် ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ် လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၈၂)ကြိမ်မြောက် သာသနာ့အနွယ်ဝင်သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယမန်နေ့နံနက်(၈)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ လောင်းလှူပွဲကို ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော်က ဦးဆောင်၍ ရပ်ကွက်အသီးသီးမှ အလှူရှင်၊ စေတနာရှင်များ စုပေါင်း၍ လစဉ်လပြည့်နေ့တိုင်း သာသနာ့အနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူလျက်ရှိရာ (၈၂)ကြိမ်မြောက် လောင်းလှူပွဲတွင် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေးနှင့် ဝတ္ထုငွေအသုံးဆောင်ပစ္စည်းများ လောင်းလှူခြင်းကို စေတနာရှင်အလှူရှင်များစုပေါင်း၍ လောင်းလှူပြီး ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ(၈)ပါးသီလ ခံယူဆောက်တည်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှတန်းပေးဝေခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)