မိုင်းယောင်းမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း ဩဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးနှင့် ပြိုင်ပွဲဝင်များရွေးချယ်ရေးလုပ်ငန်းကော်မတီ၊ အကဲဖြတ်ဒိုင်လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးအဖွဲ့၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးအဖွဲ့၊ အခမ်းအနားပြင်ဆင်ရေးအဖွဲ့၊ ဆုချီးမြှင့်ရေးအဖွဲ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ သတင်းမှတ်တမ်းနှင့်ပြန်ကြားရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ မီးဘေးလုံခြုံရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးနှင့်အထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကော်မတီလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုင်းဘွန်းစီက (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်အခြေအနေအား ဖြည့်စွက်ဆွေးနွေးပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက တင်ပြချက်၊ ဆွေးနွေးချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း