ရတနာပုံတက္ကသိုလ်၌ နံ့သာဆောင်၊ မန္တလေးဆောင်နှင့် သီရိဆောင်(မောင်နှမဆောင်)မိသားစု မိတ်ဆုံစားပွဲနှင့် ဂီတပဒေသာကပွဲ ကျင်းပပြုလုပ်

အမရပူရ သြဂုတ် ၁၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ်၌ နံ့သာဆောင်(ကျောင်းသူဆောင်)၊ မန္တလေးဆောင်(ကျောင်းသားဆောင်)နှင့် သီရိဆောင်(ကျောင်းသူဆောင်) မိသားစုတို့၏ မိတ်ဆုံစားပွဲနှင့် ဂီတပဒေသာကပွဲကို ယမန်နေ့နေ့လည် ၁၂နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုက အဖွင့်အမှာစကားနှင့်ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားသည်။ ထို့နောက် အဆောင်အသီးသီzကိုယ်စား သီရိဆောင် အဆောင်မှူး ဒေါက်တာမေမြင့်သွယ်က အမှတ်တရစကား ပြောကြားကြပြီး အဆောင်အသီးသီးတို့မှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည့် ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ အဆောင်မှူးများနှင့် ဖိတ်ကြားထားသူများအား အဆောင်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများက  အကအလှများ၊ တေးသီချင်းများဖြင့် ကပြဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)