သတင်းများ

စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 20,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပိန်းတန်းအခြေခံပညာ မူလတန်းကျောင်းနှင့် ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Aug 20,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်ဝံသရေးသားသော “မည်သို့သောလူဖြစ်ရမည်နည်း”နှင့် လက်ရွေးစင်ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပြည်မြို့၌ဖွင့်လှစ်သည့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အပတ်စဉ်(၂/၂၀၂၄)သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
Aug 20,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအပတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ ဇီးအုပ်တောင်သူလယ်သမားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
လိပ်သိုဒေသတွင် ရွှေဖရုံသီးများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့်  မိသားစုအပိုဝင်ငွေရရှိ
Aug 20,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများမှ ဒေသခံများသည် မိုးရာသီကာလ၌ စားဖိုဆောင်ဟင်းသီးဟင်းရွက်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး အပိုဝင်ငွေ ရလျက်ရှိနေကြောင်း သိရသည်။
သဲကုန်းမြို့နယ် မိုးကုတ်ရိပ်သာကျောင်းတိုက်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား (၂၆)ကြိမ်မြောက် စာအောင်ဆုဆက်ကပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 20,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အစိုးရမှကျင်းပသော ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား (၂၆)ကြိမ်မြောက် စာအောင်ဆုဆက်ကပ်ချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၈ ရက်နေ့မွန်းလွဲ ၂ နာရီက ရပ်ကွက်(၁)၊ မိုးကုတ်ရိပ်သာကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 20,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဒေသခံပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုများမရှိစေရေးအတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်၍ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့က မြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တောင်တွင်းကြီးမြို့ ဒက္ခိဏစျေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 20,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း(Campaign)နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၈)နာရီက ဒက္ခိဏစျေးအတွင်း စျေးသည်များကို ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။
ရွှေဘိုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကလေးသူငယ် အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 20,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​​ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေဘိုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကလေးသူငယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့​ကြောင်း သိရသည်။