ရွှေဘို ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေဘိုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကလေးသူငယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်က ကလေးသူငယ်များ၏ အခွင့်အရေး သိရှိစေရန်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ စာချုပ်များအကြောင်း၊ ကလေးသူငယ်များ၏ ကျင့်ဝတ်စည်းကမ်း၊ မိဘအုပ်ထိန်းသူများ၏ ကျင့်ဝတ်စည်းကမ်းများကို သိရှိစေရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)