အမရပူရ သြဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပိန်းတန်းအခြေခံပညာ မူလတန်းကျောင်းနှင့် ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများအပြင် ကလေးငယ်များ လူအများ ရှေ့ထွက်ပြီး ဟောပြောတတ်စေရန်၊ စာပေများ ဖတ်ရှုချင်စိတ်များ ဖြစ်ပေါ်လာစေရေးနှင့် အချင်းချင်း ပူးပေါင်းတတ်စေရေးတို့အတွက် ကဗျာရွတ်ပြိုင်ပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားစေခြင်းများကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း ဦးစီးအရာရှိ ဒေါ်တင်တင်လှထံမှ သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကိုလည်း ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာအုပ်စာစောင်ပြပွဲများနှင့် လူငယ်စကားဝိုင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးသီဟ(အမရ)