လိပ်သို ဩဂုတ် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများမှ ဒေသခံများသည် မိုးရာသီကာလ၌ စားဖိုဆောင်ဟင်းသီးဟင်းရွက်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး အပိုဝင်ငွေ ရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ရွှေဖရုံပင်များကို စင်ထောင်၍လည်းကောင်း၊ မြေပေါ်တွင် လျှောက်သွားစနစ်ဖြင့် လည်းကောင်း စိုက်ပျိုးကြကြောင်း၊ သဘာ၀မြေဩဇာကိုသာ အသုံးပြု၍ စိုက်ပျိုးထားသဖြင့် ကုန်ကျစရိတ်နည်းပါးကာ နှစ်ခြိုက်စွာ ဝယ်ယူစားသုံးသူများပြားကြောင်း၊ ရွှေဖရုံပင်များ စိုက်ပျိုးထားခြင်းဖြင့် မိသားစုစားသုံးရန်အပြင် အပိုဝင်ငွေပါ ရရှိနိုင်ကြောင်း သိရသည်။
လိပ်သိုမြို့ပေါ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် အရွယ်အစားအလိုက် ငွေကျပ် (၁၅၀ဝိ/-) မှ (၃၀၀ဝိ/-) ကျပ်အထိ ဈေးရရှိကြောင်း၊ ရွှေဖရုံပင်များအပြင် ကျောက်ဖရုံ၊ ငရုတ်၊ ပဲ၊ ဘူး၊ သခွား၊ ပီလောပီနံ၊ ချဉ်ပေါင်တို့ကိုလည်း မိသားစုအပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)