မြိတ် ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် သန်းခေါင်စာရင်းကော်မတီမှ (၂ဝ၂၄)ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို အ.ထ.က(၃)မြိတ် ပညာရတနာခန်းမတွင် ယနေ့နေ့လယ်(၁)နာရီက ကျင်းပခဲ့သည်။
အသိပညာပေး ဟောပြောပွဲကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူး ဦးဇော်ထွန်းလင်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအကြောင်းအရာများကို အကျယ် တဝင့် အသိပညာပေးပြောကြားပြီး အထက(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသောင်းက ကျေးဇူးတင်စကားပြောကြားသည်။
မြိတ်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အတွင်း ရပ်ကွက်(၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စု၊ ကျေးရွာပေါင်း (၁၄၀)ရွာတွင် သန်းခေါင်စာရင်းကောက်ကွက် (၅၀၇)ကွက်ဖြင့် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)