ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်း ဆောင်ရွက်

ဗိုလ်တထောင် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်(၁၁) နာရီအချိန်က ဗိုလ်တထောင်မြို့နယ် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ရုံးသို့လာရောက်ငှားရမ်းရန် အခက်အခဲရှိသောဝန်ထမ်းများကို ဌာနဆိုင်ရာရုံးများသို့ အပတ်စဥ်သွားရောက်၍ လက်ဝယ်အရောက်နယ်လှည့်ကွင်းဆင်းပြီး သုတရသစာအုပ်များ၊ စာငှားသူ၊ စာဖတ်သူ ကြိုက်နှစ်သက်ရာစာအုပ်များအား စာငှား/စာဖတ်သူများထံအရောက် အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

မြတ်ဖူးခင်