မြန်အောင်မြို့ အ.ထ.က(၂)နေခြည် ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအား ငြိမ်းချမ်းရေးစက်သုံးဆီအရောင်းဆိုင်မှ (92)ဓါတ်ဆီ လာရောက်ရောင်းချပေး

မြန်အောင်  သြဂုတ်   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က(၂)နေခြည်ကျောင်းမှ ဆရာ/ဆရာမများနှင့်ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်က နေခြည်ကျောင်း၌ မြန်အောင်မြို့ ငြိမ်းချမ်းရေးစက်သုံးဆီအရောင်းဆိုင်မှ (92)ဓါတ်ဆီလာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဆရာ/ဆရာမများနှင့်ကျန်းမာရေးဝန်ထမ်းများ၏ ဆိုင်ကယ်များအတွက် စက်သုံးဆီ ဓါတ်ဆီ(92) တစ်လီတာ (၃၀၀၀) ကျပ်နှုန်းဖြင့် ဓာတ်ဆီ (92) (၂၂၀) လီတာ လာရောက်ရောင်းချပေးခဲ့ကြောင်း ငြိမ်းချမ်းရေး စက်သုံးဆီအရောင်းဆိုင်တာဝန်ခံထံမှ သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)