သတင်းများ

ကွမ်းခြံကုန်းမြို့နယ်(မြို့မ)စျေး၌ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်(မြို့မ)ဈေးကြီး၌ ဆောင်ရွက်ခဲ့ကြသည်။
ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ကျင်းပသည့် မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲသို့ တက်ရောက် အားပေး
Feb 02,2024
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံများအတွက် ကျင်းပပြုလုပ်သည့် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့က မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အသက်(၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေး
Feb 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၇)နာရီအချိန်က အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 02,2024
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသ
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊မှော်ဘီ မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မှော်ဘီမြို့နယ် မြစ်ကျိုးကျေးရွာတွင် ကျင်းပခဲ့သည်။
ကော့မှူး၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Feb 02,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့ကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း အ.လ.က (မြို့ကုန်း)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကလပ်ရပ်) ၌ လူငယ်စကားဝိုင်းကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ(ကလပ်ရပ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၁) ဈေးကုန်းကျောင်းတိုက်၌ အသံမစဲဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ပြုလုပ်
Feb 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အမှတ်(၁) ဈေးကုန်းကျောင်းတိုက်၌ အသံမစဲဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။