မန္တလေး ဩဂုတ် ၂၄
သန်းခေါင်စာရင်းမေးခွန်းပါအကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာကောက်ယူနိုင်ရေး၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အရည်အချင်းပြည့်ဝနိုင်ရေးနှင့် မြေပြင်အခြေအနေနှင့် ကိုက်ညီအောင် အကောင်းဆုံးဆောင်ရွက်သွားနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန်းတောင်ခြေအားကစားကွင်း၊ သင်တန်းခန်းမတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများဖြစ်ကြသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေဦးးမှူး ဦးကျော်လွင်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဦးခိုင်နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒေါ်ယုမွန်ကျော်တို့က စာတွေ့လက်တွေ့သင်ကြားပြသပေးကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတက်ရောက်လျက်ရှိသည်။
ယခုသင်တန်းသို့ တက်ရောက်ခဲ့ကြသူများသည် သက်ဆိုင်ရာခရိုင်၊ မြို့နယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ဖွင့်လှစ်ပေးကြမည့် ခရိုင်အဆင့်နည်းပြများဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)