သရက်မြို့အ.ထ.က(၁)၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ကျန်းမာရေးဟောပြောပွဲကျင်းပ

သရက် ဩဂုတ်၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများဆောင်ရွက်ရာတွင် သားဖွားဆရာမဒေါ်ဌေးဌေးဝင်းက ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးလက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ပြောကြားပေးခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ဇော်ထက်(သရက်)