ရေတာရှည်မြို့နယ်၌ ကိုယ်ဝန်ဆောင် သွားကျန်းမာရေးနှင့် ကိုယ်ဝန်ဆောင်မိခင်အန္တရာယ်လက္ခဏာများ ကင်းဝေးရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရေတာရှည် သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက ကိုယ်ဝန်ဆောင် သွားကျန်းမာရေးနှင့် ကိုယ်ဝန်ဆောင်မိခင်အန္တရာယ်လက္ခဏာများ ကင်းဝေးရေး အသိပညာပေး ဟောပြောပွဲကျင်းပသည်။

ဟောပြောပွဲ၌ တောင်​ငူအထွေထွေရောဂါကု ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာ ဦးဝေမင်းမျိုးမြင့်အောင်နှင့် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာ နန္ဒာညီဆွေတို့ ကိုယ်ဝန်ဆောင် သွားကျန်းမာရေးနှင့် ကိုယ်ဝန်ဆောင်မိခင်အန္တရာယ် လက္ခဏာများကင်းဝေးရေးဆောင်ရန် ရှောင်ရန်အချက်များ၊ သတိပြုရမည့်အချက်များ၊ အရေးပေါ်ဖြစ်ပေါ် လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသွားရောက်ကာ ကုသမှုများခံယူကြစေရန်နှင့် ကိုယ်ဝန်​ဆောင်ချိန် ကာလပတ်လုံး ကျန်းမာရေးစစ်ဆေးမှုများ အမြဲမပြတ် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် တောင်​ငူအထွေထွေရောဂါကု ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာ ဦးဝေမင်းမျိုးမြင့်အောင်နှင့်အဖွဲ့သည် ကိုယ်ဝန် ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေမှုများ အားပေးကြည့်ရှုကာ လိုအပ်သည့်စစ်ဆေးမှုများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)